ABOUT US
လုပ်ငန်းတည်ထောင်မှု
၁၉၉၆ ခုနှစ်တွင် ကွန်ပျူတာတက္ကသိုလ်မှ ဝန်ထမ်းများ (Programmer, System Engineer) ဖြစ်ကြသည့် ကိုတင်ထွန်းအောင်၊ ကိုဝင်းအောင်၊ ကိုကျော်နိုင်ထွန်း နှင့် မယဉ်ယဉ်ကြည်၊ မရီရီမြင့် စသည့် M.Sc. (Computer Science)၊ B.Sc. (Computer Science) ဘွဲ့ရများပေါင်းစုပြီး တည်ထောင်ခဲ့ကြပါသည်။
HD Computer Group ကို "အရှိန်အဟုန်ပြင်းပြင်းနဲ့ မှန်မှန်ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်ထဲမှာ ပြည့်ပြည့်စုံစုံနဲ့ ယုံယုံကြည်ကြည် ဖြတ်သန်းနိုင်ဖို့.." ဟူသောရည်ရွယ်ချက်ဖြင့် ထိုစဉ်က ၂၆၊ ၂၇ နှစ်အရွယ် လူငယ်များနှင့် စုစည်းဉီးဆောင်ခဲ့ကြပါသည်။ သင်တန်းတာဝန်ခံအဖြစ် ကွန်ပျူတာ သုတေသနဌာနမှ ဌာနမှူး ဦးစိုးမြင့် (ဒုတိယ ပါမောက္ခချုပ်အဖြစ် အငြိမ်းစားယူခဲ့ပြီး ယခု ကွယ်လွန်)က တာဝန်ခံခဲ့ပါသည်။ ယခုအခါ ဦးတင်ထွန်းအောင်မှ ဆက်လက်တာဝန်ခံလျှက်ရှိပါသည်။

သင်တန်းတည်နေရာနှင့် အကျယ်အဝန်း
ကျောင်းသားလူငယ်များစုဝေးရာ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းတွင် HD Computer Group ကွန်ပျူတာသင်တန်းကို ဖွင့်လှစ်ထားပါသည်။ လှည်းတန်း လမ်းဆုံအနီးရှိ မြို့ပြစီမံကိန်းအိမ်ရာ တိုက် (၁)၊ အခန်း (၂၄)တွင် ၅၂၀ စတုရန်းပေတွင် ကွန်ပျူတာသင်တန်း ဝန်ဆောင်မှုကို လုပ်ဆော င်နေပါသည်။

ဝန်ထမ်းအင်အားနှင့်ဖွဲ့စည်းပုံ
လုပ်ငန်းစတင်ခဲ့စဉ်က တည်ထောင်သူများတွင်ပါဝင်ခဲ့သော ဦးဝင်းအောင်မှာ ၂၀၀၁ ခုတွင် ဖားအံ ကွန်ပျူတာတက္ကသိုလ် စတင်တည်ထောင်သည့်အတွက် ကျောင်းအုပ် အဖြစ်လည်းကောင်း၊ ဦးကျော်နိုင်ထွန်းမှာ ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်သူ့လွှတ်တော် သို့လည်းကောင်း၊ တာဝန်ခံ ဦးစိုးမြင့်မှာ ၂၀၀၄ ခုတွင် မန္တလေးကွန်ပျူတာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်အဖြစ်လည်းကောင်း ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသည့် နောက် မရီရီမြင့်မှာလည်း စင်ကာပူသို့ ကျောင်းဆက်တက်ရန် ထွက်သွားကြပါသည်။
ယခုအခါ ကွန်ပျူတာတက္ကသိုလ်မှ အလုပ်ထွက်ခဲ့သည့် ဦးတင်ထွန်းအောင်၊ ဒေါ်ယဉ်ယဉ်ကြည်တို့က အချိန်ပြည့်တာဝန်ခံပြီး အချိန်ပိုင်း ဆရာ၊ ဆရာမ (၅)ဦး၊ သင်တန်းနည်းပြ (၆)ဦး၊ အခြားဝန်ထမ်း (၂)ဦးတို့ ဖြင့် ဆက်လက် လုပ်ဆောင်နေပါသည်။


